Home Tutorials Special Effect ပန်းချီကားတစ်ချပ်အား အသက်သွင်းခြင်း

ပန်းချီကားတစ်ချပ်အား အသက်သွင်းခြင်း

ဒီ Tutorial ကတော့ သင်ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံကို ပန်းချီကားတစ်ချပ်အဖြစ်သို့ မိနစ်ပိုင်းအတွင်းမှာ ပြောင်းလဲစေနိုင်ပါလိမ့်မယ်။ ပြီးတော့ ဒီ Tutorial ဟာ အရင်ကပြောပြခဲ့တဲ့ Basic Concept သင်ခန်းစာတွေထဲက Fading the Effect ဆိုတဲ့ သင်ခန်းစာကို အသုံးချထားတာလည်းဖြစ်ပါတယ်။

၁) အဲဒီအတွက် လိုအပ်တဲ့ ပုံကိုဖွင့်ပါ။

၂) Filter > Stylize > Find Edges သို့သွားပါ။ ပုံအတိုင်းတွေ့ရပါမည်။

၃) Edit > Fade find edges သို့သွားပါ။ Mode ကို Luminosity သို့ပြောင်းပါ။ မူလအရောင်ကို ခပ်ရေးရေးပြန်မြင်ရပါမည်။ ပြီးလျှင် Opacity ကို စိတ်ကြိုက်ကစားပြီး သင့်စိတ်တိုင်းကျ ပန်းချီကားတစ်ခုကို ဖန်တီးနိုင်ပါပြီ။

ဒီနည်းဖြင့် လှပအသက်ဝင်တဲ့ ပန်းချီကားတွေကို ဖန်တီးကြည့်နိုင်ပါတယ်နော်။ Filter မှာ Find Edges အပြင် Water Color, Emboss စတဲ့ Filter တွေကိုလည်း အသုံးပြုကြည့်ပါ။ ဒါ့အပြင် Fading လုပ်တဲ့ Mode ကိုလည်း Luminosity တမျိုးတည်းသာမက တခြားသော Mode တွေကိုပြောင်းပြီး စမ်းသပ်ကြည့်နိုင်ပါတယ်နော်။ သေချာပါတယ်…. Photoshop ရဲ့ အနုပညာဆန်တဲ့ ပြင်းရှစွဲမက်ဖွယ် ရနံ့လေးတွေကို သင်နမ်းရှိုက်မိပါလိမ့်မယ်။