သတိ၊ ဓါတ်လိုက်တတ်သည်
KZO: ဗျို့ ဆရာဟန် ဘာတွေကြံနေတာလဲဗျ။
HTN: ဗျ လန့်လိုက်တာဗျာ ခင်ဗျားနှယ် မပြောမဆို ဘယ်ကပေါက်ချလာတာလဲ ကျုပ်မှာတိုင်ပတ်နေတာ ဘော်ဒါတစ်ယောက်ပါဗျာ။ သူ့စက်ရုံက မီးစက်နဲ့ ထရန်စဖော်မာနားမှာ ထားဖို့ သတိ၊ ဓာတ်လိုက်တတ်သည် ဆိုတဲ့ Notice Board ဆွဲပေးပါဆိုပြီး လာအုန်းစားသွားတယ်။
KZO: အဲဒီတော့
HTN: အဲဒါပြဿနာပေါ့ ဓာတ်လိုက်တာကို ကျုပ်က ဘယ်လိုဆွဲပေးရမှာလဲ။ ကျုပ်တစ်ကိုယ်လုံးတွန့်လိမ်နေတဲ့ပုံ လုပ်ပေးလိုက်ရမှာလား၊ ဒါမှမဟုတ် နတ်တွေလို ကိုယ်လုံးက ရောင်ရှိန်ရောင်ဝါတွေထွက်နေတဲ့ပုံ လုပ်ပေးလိုက်ရမှာလား။
KZO: ဟေ့လူ တော် တော် ခင်ဗျားက ဖိုးပါကြီးပဲ။ နေရာတကာ ခင်ဗျားပုံသုံးပြီး နေပါဦး သူက ခင်များဓာတ်ပုံနဲ့ လုပ်ပါလို့ ပြောလို့လား။
HTN: ဟီး ဟီး မပြောဘူးဗျ။
KZO: ဒါများ Text Effect လှလှလေးတစ်ခုလောက် ဆွဲပေးလိုက်ပေါ့။ နေဦး ကျုပ်အကြံပေးမယ်။ ပြီးခဲ့တဲ့ tutorial တစ်ခုမှာ ခင်ဗျားပဲရေးခဲ့တာ ဘုရားစူး မိုးကြိုးပစ် ဆိုပြီး အဲဒီက လျှပ်စီးကြောင်းနဲ့ စာရေးပေးလိုက်ပေါ့။
HTN: ဟာ သိပ်ကောင်းတယ်ဗျာ ဆရာ ဆရာ အဲဒါကြောင့် ခင်ဗျားကို ဆရာလို့ခေါ်တာ အိုကေ ကျုပ်အခုဆွဲမယ်။ ထပြန်မသွားနဲ့နော် ဘေးနားမှာ ထိုင်ပြီး ဆရာလုပ်ပေးဦး။
KZO: ကောင်းပါပြီဗျာ ပြီးရင်တော့ ကျုပ်ကို Coffee တိုက်ရမှာနော်
HTN: တိုက်မှာပါဗျာ ဒူးနဲ့၊ ဒူးနဲ့ ဟီး ဟီး နောက်တာ ခင်ဗျားကြိုက်တဲ့ Hazel Nut Coffee ကိုတိုက်မှာ။ ကဲကြာတယ်ဗျာ အလုပ်ဖြစ်အောင် အလစ်ဖြုတ်ကြစို့ဗျာ။
၁) ပထမဆုံး New File တစ်ခုဖွင့်မယ်။ Size ကိုတော့ (1600 x 800) ထားတယ်ဗျာ။ Resolution ကောင်းရင် Detail ကောင်းကောင်း မြင်ရတာပေါ့။
၂) Foreground color = White နဲ့ Background color = Black မှာထားပြီး (Filter > Render > Clouds) ကိုဖြည့်တယ်ဗျာ။


၃) ပြီးရင် အဲဒီထဲကပဲ (Filter > Render > Different Clouds) ကို လုပ်တယ်ဗျာ။ Different Clouds ဆိုတာ ခင်ဗျားသိလား။
KZO: လက်ရှိ Color နဲ့ ဆန့်ကျင်ဘက် Color ရှိတဲ့ Clouds Pattern တွေကို Fill လုပ်ပေးတာမဟုတ်လား။ အဖြူဆို အမည်း၊ အပြာဆို အ၀ါ၊ အနီဆို . . .

HTN: အိုကေ အိုကေ ရပြီ၊ ဒီလောက်ဆို ခင်ဗျားတောင် ကျုပ်နဲ့ပေါင်းပြီး တစ်နေ့တခြား တော်တော်လာပြီ။ ဟီး ဟီး အဲဒီ Different Clouds Filter ကို ကျုပ်က တစ်ခေါက်တည်းမဟုတ်ဘူး။ နောက်ထပ်လေးခေါက်၊ စုစုပေါင်း ငါးခါ Apply လုပ်မယ်။ ဒါဆိုရင် ဒီလိုမြင်ရပြီပေါ့။

၎) ပြီရင် (Layer > New > Layer) နဲ့ Layer အသစ်တစ်ခု ခေါ်ပြီး White Color ကို Fill လုပ်တယ်ဗျာ။ ပြီးရင် Text Tool နဲ့ လိုတဲ့စာကို ရိုက်မယ်။ ဒီတော့ ဘာရိုက်ရင်ကောင်းမလဲ ဆိုတော့
KZO: ဘာမှရိုက်မနေနဲ့ I Love You လို့သာရိုက်
HTN: ဟာ ခင်ဗျားကတော့ လုပ်ပြီ၊ ဘယ်နှယ် ဓာတ်လိုက်တတ်တာကို သတိပေးဖို့ဟာ
KZO: ဒီမယ်ဆရာ အချစ်ဆိုတာလည်း ဓာတ်လိုက်တတ်တဲ့အထဲမှာပါတာပဲ
HTN: နေပါဗျာ ကျုပ် DANGER လို့ပဲ ခပ်ရှင်းရှင်းရေးလိုက်မယ်။ ပြီးရင် အဲဒီ Layer ကို (Layer > Merger Down) လုပ်ပြီး အောက်က၊ စောစောက အဖြူရောင် Fill လုပ်ထားတဲ့ Layer နဲ့ ပေါင်းလိုက်မယ်။ ဒါဆိုရင် Layer palette မှာ ဒီလိုမြင်ရမယ်။

၅) ပြီးရင် (Filter > Blur > Gaussian Blur) လုပ်မယ်။ Blur radius ကိုတော့ 20 မှာထားတယ်။

၆) ဒီအဆင့်က အရေးကြီးတယ်။ အဲဒီ Layer ရဲ့ Opacity ကို လျှော့မယ်။

KZO: ဟိုး ဆရာ နေစမ်းပါဦးဗျာ Opacity လျှော့တာနဲ့ အရေးကြီးတာဘာဆိုင်လို့လဲ။
HTN: အဲဒါတွေ ခင်ဗျားကိုပြောတာ မသိရင် ၀င်မငြင်းပါနဲ့ဆိုတာ ဒီ Opacity က ခင်ဗျားရဲ့ နောက်ဆုံး Final Product ကို အများကြီး သက်ရောက်မှုရှိတယ်။ Opacity ကို အရမ်းလျှော့ချလိုက်ရင် Text ကအရမ်း Distort ဖြစ်ပြီးထွက်လာမှာ Opacity မြင့်လေ Text ကဖတ်ရရှင်းလေပဲဗျာ ပုံသေတော့မရှိဘူး (Opacity = 40% to 70%) အဲဒီကြားထဲမှာ ချိန်ဗျာ။ ဒီပုံမှာတော့ Opacity ကို 60% ထားလိုက်တယ်။ အနေတော်ပေါ့ဗျာ။
၇) ပြီးရင် (Layer > New Adjustment Layer > Levels) ကို ၀င်ပြီး Adjustment Layer တစ်ခုခေါ်မယ်ဗျာ။ အဲဒီက Level Slider မှာ Highlight ကို ဘယ်ဘက်ရွှေ့တယ်ဗျာ။ ဒီလိုမျိုးပေါ့

၈) ပြီးရင် (Layer > New Adjustment Layer > Curves ) ကိုဝင်တယ်။ အဲဒီက Curves ကို ဒီလိုပုံစံမျိုးလေးပြောင်းလိုက်ရင် Text ကို ဒီလိုမျိုးမြင်ရမယ်ဗျာ။

၉) Layer > Merge Visible ကို ၀င်ပြီး အဲဒီ Layer လေးခုစလုံးကို ပေါင်းမယ်ဗျာ ။
ပြီးရင် (Image > adjustment > Hue/Saturation) ကိုဝင်မယ်။ အဲဒီမှာ Colorize Box ကို check လုပ်ပြီး လိုတဲ့အရောင်ပြောင်းမယ်။ ကျုပ်ကတော့ ဒီအရောင် setting ကိုကြိုက်တယ်။ (Hue=15, Saturation=100)

KZO: ဒါဆိုပြီးပြီပေါ့ မိုက်တယ်ဗျာ
HTN: ခင်ဗျားက လောကြီးလွန်းတယ် ဒီအတိုင်းဆိုလည်းရပြီ။ ဒါပေမယ့်ဗျာ ဘာရယ်ညာရယ်တော့မဟုတ်ဘူး လူရှိန်အောင်ပေါ့ဗျာ။ ကျုပ်က နောက်ထပ် Layer အသစ်တစ်ခုထပ်ခေါ်ပြီ: အဆင့် (၂) ကနေ (၉) အထိကို အစအဆုံးပြန်လုပ်မယ်။ ဒီ Step တွေပါတာပေါ့။ (Clouds > Different Clouds > Text > Blur > Opacity > Levels > Curves > Merge Visible > Hue/Saturation)
အဲဒီ Layer နှစ်ခုမှာမှ အပေါ်က Layer ရဲ့ Blending Mode ကို Screen မှာထားလိုက်ရင်

ကိုင်း ခင်ဗျားရော ကျုပ်ဘော်ဒါရော မြင်ချင်တဲ့ သတိ၊ ဓာတ်လိုက်တတ်သည် ဆိုတာပေါ့ဗျာ . . . .

KZO: နိုး နိုး မရဘူးဆရာ ကျုပ်ကို အဲလိုရောမချနဲ့ ကျုပ်က အဲဒီ DANGER ဆိုတာကို မတောင်းဆိုဘူး အဲဒီတော့ကျုပ်အတွက် ကျုပ်ကောင်မလေးကိုပေးဖို့ ကျုပ်ကြိုက်တဲ့ design မျိုး
HTN: ဟာဗျာ ခင်ဗျားကလည်း အခုသိနေပြီဥစ္စာ ကိုယ့်ဟာကိုယ်သွားဆွဲဗျာ
KZO: မရဘူးဆရာ နောက်ထပ်နမူနာတစ်ခုပဲ မဟုတ်ရင်တော့ ဆရာမတတ်ဘူးလို့ ယူဆလိုက်မှာပဲ
HTN: ကဲဗျာ ရော့ ရော့ ခင်ဗျားစိတ်တိုင်းကျ New File, New Layer, Clouds . . .
KZO: ဟာ ဆရာ အဲဒီပုံ ဟုတ်တယ်
HTN: ဒီလိုလေးဗျာ ပြီးရင်
KZO: ဟား ဆရာ မိုက်တယ်ဗျာ
HTN: ပြီးရင် ဒီလို အဆုံးသတ်တော့
KZO: ဆရာ့ကို အဲဒါတွေ ချစ်နေရတာပေါ့ ဂွတ်ရှယ်ပဲဗျာ . . .

KZO: ဒီပုံကြည့်ပြီးရင်တော့ ကျုပ်ကောင်မလေး အသဲမီးကျွမ်းပြီသာမှတ် ဆရာကတော့ပိုင်တယ်ဗျာ ဘယ်နှစ်ယောက်လောက်အဲလိုမျိုး ပေးပြီးပြီလဲ
HTN: ဟေ့လူ တော် တော် ဆရာ အပိုတွေပြောမနေနဲ့။ Coffee ဆိုင်သွားမယ်။ ဒီတစ်ခါတော့ ကျုပ်ကို ခင်ဗျားက ပြန်တိုက်ရမှာ
KZO: တိုက်ပါမယ် ဆရာရယ် လမ်းကြိတ်စက်နဲ့၊ လမ်းကြိတ်စက်နဲ့
HTN: ဟား ဟား ဟား
Tutorials